ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ညောင်ပင်လေးဈေးမှာ ဇန်နဝါရီလ ၁၉ ရက်၊ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားရာ ဆိုင်ခန်း ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ မြောင်းမြမြို့နယ် မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

မီးလောင်မှုကို မီးသတ်တပ်ဖွဲ့နဲ့ ရပ်ကွက်နေ ပြည်သူတွေက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ တစ်နာရီ လောက် အကြာမှာ မီးငြိမ်းခဲ့တာလို့ ဆိုပါတယ်။မီးလောင်ရတဲ့အကြောင်းရင်းကတော့ ညောင်ပင်လေးဈေးမှာ ထမင်းကြော်ရောင်းတဲ့ ဆိုင်တစ်ဆိုင်ရဲ့ မီးသွေးမီးဖို မီးကြွင်းမီးကျန်ကတစ်ဆင့် မီးစတင်လောင်ခဲ့တာလို့ မြောင်းမြမြို့နယ် မီးသတ်တပ်ဖွဲ့က သိရပါတယ်။

မီးလောင်မှုကြောင့် ညောင်ပင်လေးဈေးအတွင်းရှိ ဆိုင်ခန်း ၁၁၀ လောက် မီးလောင်ပျက်စီးခဲ့ပြီး ဆိုင်ခန်းတွေ အတွင်း သိုလှောင်ထားတဲ့ ဆန်အိတ်တွေလည်း ရာနဲ့ချီ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ မီးပေါ့ဆသူကို ဥပဒေအရ အရေးယူ ဆောင်ရွက်နေပြီး မီးလောင်မှုကြောင့် လူ/တိရစ္ဆာန် ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။