မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုအနည်းငယ်ပြန်လည်များပြားလာတဲ့အခါ မြို့နယ်အချို့ရှိ မြစ်ရေတွေဟာ စိုးစိုမ်ရေမှတ်ထက်ကျော်လွန်လာနိုင်ပြီး မြစ်ရေကြီးမှုဒုတိယအကြိမ်ဖြစ်ပေါ်လာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းက One News ကိုပြောပါတယ်၊၊
မြန်မာနိုင်ငံတစ်ဝန်းမှာ မိုးသည်းထန်စွာရွာသွန်းတာကြောင့် မြစ်ရေတွေရဲ့ရေကြီးကာလတွေဟာ ဇူလိုင်လ၊ ဩဂုတ်လနဲ့ စက်တင်ဘာလတွေမှာ ဖြစ်ပေါ်လေ့ရှိတယ်လို့ဆိုပါတယ်။
လက်ရှိမှာ ဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေဟာ ဒုတိယအကြိမ်ရေကြီးမှု ဖြစ်ပေါ်နိုင်တဲ့အလားအလာနည်းပြီး ကျန်တဲ့ မြစ်ရေတွေကတော့ စိုးရိမ်မှတ်ထက် ကျော်လွန်ရောက်ရှိနိုင်တယ်လို့ ညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။
လက်ရှိမှာတော့ တောင်ငူ၊ မဒေါက်နဲ့ဘားအံမြို့တို့မှာ မြစ်ရေတွေဟာ ဩဂုတ် ၂၇ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်အထက်မှာ ကျော်လွန်ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။