မြန်မာနိုင်ငံမှာ မီးလောင်မှုတွေကြောင့် နှစ်စဉ် လူ ၁၀၀ ဝန်းကျင် သေဆုံးနေတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက One News ကို ပြောပါတယ်၊၊

မြန်မာနိုင်ငံရဲ့ ၁၀ နှစ်တာကာလ မီးလောင်မှုကို ပြန်လည်သုံးသပ်ကြည့်ရင် နှစ်စဉ်မီးလောင်မှု အကြိမ်ရေက ၁၈၀၀ လောက် ဖြစ်ပွားနေပြီး ဆုံးရှုံးမှုတန်ဖိုးအနေနဲ့ နှစ်စဉ် ပျမ်းမျှ ကျပ်သန်းပေါင်း ၁၅ ဘီလီယံလောက် ရှိတယ် လို့ ဆိုပါတယ်၊၊မီးလောင်မှုတွေထဲမှာ လူနေအိမ် မီးလောင်မှုတွေက အများဆုံး ဖြစ်ပွားနေတာပါ။ ကြိုတင်ကာကွယ်မယ့် အပိုင်း အနေနဲ့ မီးသွေးမီးဖို၊ ထင်းမီးနဲ့ လျှပ်စစ်မီးတွေကို စနစ်တကျ သုံးစွဲဖို့လိုတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာန ချုပ် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ပြောပါတယ်၊၊

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းကတော့ မြန်မာတစ်နိုင်ငံတစ်ဝန်းမှာ မီးလောင်မှုအကြိမ်ရေ ၁၁၅၀ ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် သေဆုံးသူ ၉၉ ယောက်နဲ့ ဒဏ်ရာရရှိသူ ၁၃၈ ယောက်ရှိခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်းပေါင်း ၉၀၀၀ ကျော် ရှိခဲ့တယ်လို့ သိရပါတယ်။