မိုးကြိုကာလအတွင်း မိုးတိမ်တောင်တွေ ဖြစ်ထွန်းတာကြောင့် လေပြင်းတိုက်ခတ်တာ နေရာကွက်ကျား မိုးထစ် ချုန်း ရွာတာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဧပြီ ၁၅ ရက်မှာ ထုတ်ပြန် ပါတယ်။

မြန်မာနိုင်ငံ အရပ်ရပ်မှာ မိုးကြိုကာလဖြစ်တဲ့ ဧပြီလလယ်ကနေ မြန်မာနိုင်ငံကို အနောက်တောင် မုတ်သုံလေ မဝင် ရောက်မီကာလအတွင်း လေထုမငြိမ်မသက်မှုတွေ နေ့အပူချိန်တွေ တဖြည်းဖြည်း မြင့်တက်လာရာကနေ အပူပျံ တက် တိမ်တွေ ဖြစ်ထွန်းပြီး မွန်းလွဲ/ညနေပိုင်းတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းနိုင်တယ်လို့ ဆိုပါတယ်။

မိုးတိမ်တောင်တွေ ဖြစ်ထွန်းတာကြောင့် လေပြင်းတွေ တိုက်ခတ်တာ လေပြင်းနဲ့အတူ ထစ်ချုန်းတာ မိုးကြိုးပစ် တာ လျှပ်စီးလက်တာ မိုးသီးကြွေတာ နဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ် နိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင် လေဟာ တစ်နာရီကို မိုင် ၄၀ ကနေ မိုင် ၅၀ အထိ တိုက်ခတ်နိုင်တယ်လို့ လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ မိုးကြိုကာလဖြစ်တဲ့ ဧပြီလလယ်ကနေ မြန်မာနိုင်ငံကို အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီ ကာလအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသဖြစ်စဉ်တွေ နဲ့ ပတ်သက်ပြီး အထူးဂရုပြု နေထိုင်သွား ကြဖို့ နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး နဲ့ ရေကြောင်းခရီးစဉ်တွေအနေနဲ့လည်း ကြိုတင်သတိပြုနိုင်ဖို့ အသိပေး နှိုးဆော်ထားပါတယ်။