မန္တလေးမြိုအနီးကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

မြေငလျင်ကတော့ မတ်လ ၂၈ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့်အချိန်မှာ မန္တလေးမြေ ငလျင်စခန်းကနေ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း မန္တလေးမြိုရဲ့ အရှေ့ မြောက်ဘက် ၂၀ ကီလိုမီတာခန့်အကွာကို ဗဟိုပြုပြီး အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်လှုပ်ရှားသွားခဲ့တာ ဖြစ်ပါတယ်။

အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေ များပြားခဲ့သလို ပြိုကျတဲ့ တိုက်တွေနဲ့ အဆောက်အဦတွေအတွင်းမှာလည်း ပိတ်မိနေတဲ့သူတွေနဲ့ သေဆုံးသူတွေ ရှိနေတယ်လိုလည်း ဒေသခံတွေရဲ့ သ တင်းပေးပိုချက်အရ သိရပါတယ်။

အလားတူ ငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်း ကျိုးကျခဲ့တာကို တွေ့ရပြီး မန္တလေးကျုံးနဲ့ ပြသာဒ်အချို၊ အင်းလေးဖောင်တောင်ဦးဘုရားနဲ့ အဆောက်အဦတွေ အပါအဝင် သမိုင်းဝင် ဘုရားပုထိုးစေတီတွေပါ ပြိုကျ ပျက်စီးမှုတွေ ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲနဲ့ လူမှုကူညီကယ်ဆယ်ရေးအဖွဲဝင်တွေကလည်း အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ လျင်မြန်စွာတုံပြန်ဆောင်ရွက်နေပြီ ဖြစ်တယ်လို သိရပါတယ်။ မြန်မာနိုင်ငံတစ်ဝန်း လှုပ်ခတ်သွားတဲ့ ငလျင်နဲ့ပတ်သက်ပြီး ထိခိုက်ပျက်စီးမှု အသေးစိတ်ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။