မန္တလေးမြိုအနီးကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်တဲ့ မြေ ငလျင်လှုပ်ရှားသွားတာဟာ စစ်ကိုင်းပြတ်ရွေ့ လှုပ်ရှားမှုကြောင့်ဖြစ်တယ်လို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးက One News ကို ပြောပါ တယ်။

မြေငလျင်ကတော့ မတ်လ ၂၈ ရက်၊ မြန်မာစံတော်ချိန် နေ့လယ် ၁၂ နာရီ ၅၁ မိနစ်အချိန်လောက်က မန္တလေးမြေ ငလျင်စခန်းကနေ အရှေ့မြောက်ဘက် ၂၁ ကီလိုမီတာခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည်တွင်း မန္တလေးမြိုရဲ့ အရှေ့ မြောက်ဘက် ၂၀ ကီလိုမီတာခန့် အကွာကို ဗဟိုပြုပြီး အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင် လှုပ်ရှားသွားခဲ့တာ ဖြစ်ပါတယ်။

အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်လှုပ်ရှားသွားတာဟာ စစ်ကိုင်းပြတ်ရွေ့ လှုပ်ရှားမှုကြောင့်ဖြစ်ပြီး နောက် ဆက်တွဲ မြေငလျင် လှုပ်ရှားမှုတွေလည်း ဆက်လက်ရှိနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သတိထားဖို လိုအပ် တယ်လိုလည်း ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးက ပြောပါတယ်။

အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်လှုပ်ခတ်ပြီးရင် တည် ဆောက်ထားတဲ့ နေရာရဲ့ အဆောက်အအုံ အရည်အသွေးနဲ့ မြေအမျိုးအစားပေါ် မူတည်ပြီး ထိခိုက်ပျက်စီးမှု များ ပြားနိုင်တယ်လို ဆိုပါတယ်။
အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်ကြောင့် မြန်မာနိုင်ငံတစ်ဝန်း ထိခိုက်ပျက်စီးမှုတွေ များပြားခဲ့သလို ပြိုကျတဲ့ တိုက်တွေနဲ့ အဆောက်အဦတွေအတွင်းမှာလည်း ပိတ်မိနေတဲ့သူတွေနဲ့ သေဆုံးသူတွေ ရှိနေတယ်လိုလည်း ဒေသခံတွေရဲ့ သတင်းပေးပိုချက်အရ သိရပါတယ်။