မန္တလေးမြို့မှာ ဧပြီ၁၅ရက် ညနေပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၂၆ Bလမ်း၊ လမ်း၈၀နဲ့၈၁လမ်းကြားမှာရှိတဲ့ ၃ထပ်တိုက်အဆောက်အဦတစ်လုံးပြိုကျသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီအဆောက်အဦဟာ မတ်လ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီး အခုဧပြီ၁၅ညနေပိုင်း မိုးသည်းထန်စွာရွာသွန်းချိန်မှာ ပြိုကျသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအဆောက်အဦမှာ ငလျင်လှုပ်ပြီးနောက်ပိုင်း လူနေထိုင်ခြင်းမရှိတာကြောင့် ပြိုကျချိန်မှာ လူတွေထိခိုက်ဒဏ်ရာရခဲ့တာမရှိဘူးလို့လည်း သိရပါတယ်။

မန္တလေးမှာ ဧပြီ၁၅ရက်ညနေပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် မြေကွက်လပ်တွေမှာ ယာယီတဲတွေထိုးပြီးခိုလှုံနေရတဲ့ ငလျင်ကြီးဒဏ်သင့်ပြည်သူတွေအနေနဲ့ မိုးလွတ်ရာကို အလျင်အမြန် ရွှေ့ပြောင်းခဲ့ရတယ်လို့လည်း သိရပါတယ်။