မန္တလေးမြို့ ကျုံးဘေးပတ်လည်မှာ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ယာယီရွက်ဖျင်တဲတွေ စတင် ဆောက် လုပ်ပေးနေတယ်လို့ သိရပါတယ်။

ဧပြီ ၁ ရက်ကစပြီး မန္တလေးမြို့ ကျုံး တောင်ဘက်ခြမ်းနဲ့ ကျုံး အနောက်ခြမ်းမှာ ယာယီခိုလှုံနေထိုင်သူတွေအတွက် စတင် ဆောက်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ကျန်တဲ့ ကျုံးပတ်လည်မှာလည်း ဆက်လက်ဆောက်လုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို ယာယီရွက်ဖျင်တဲတွေ ဆောက်လုပ်ပေးတဲ့အတွက် နေပူတာတော့သက်သာသွားတယ်လို့ မန္တလေး ကျုံးဘေး အနောက်ခြမ်းမှာ ယာယီခိုလှုံနေသူတစ်ယောက်ဖြစ်တဲ့ ဒေါ်လှလှဝင်းက အခုပြောပါတယ်၊၊

အခုလို မန္တလေးကျုံးဘေး ပတ်လည်မှာ လာရောက် ခိုလှုနေတဲ့ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် အမိုးအကာ ရရှိစေဖို့နဲ့ နေပူဒဏ် သက်သာစေဖို့အတွက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ စီစဉ်မှုနဲ့ ရွက်ဖျင်တဲတွေ ဆောက်လုပ်ပေးနေတာလို့ သိရပါတယ်။

မန္တလေး ကျုံးနားကိုတော့ ငလျင်စလှုပ်ကတည်းက ယာယီခိုလှုံဖို့ရောက်ရှိလာတာဖြစ်ပြီး အခုလို အမိုးအကာတွေ ပေးတဲ့အတွက် နည်းနည်းတော့ အဆင်ပြေသွားတယ်လို့ မန္တလေး ကျုံးဘေး အနောက်ခြမ်းမှာ ယာယီခိုလှုံနေသူတစ်ယောက်ဖြစ်တဲ့ ဒေါ်ဇာနည်ဝင်းက အခုလို ပြောပါတယ်၊၊
မန္တလေးကျုံးပတ်လည်မှာ လာရောက်ခိုလှုံနေသူအများစုဟာ အနီးအနားရှိ ရပ်ကွက်တွေက ငလျင်ဒဏ်သင့် ပြည်သူတွေ အများဆုံး ဖြစ်တယ်လို့ သိရပါတယ်။