မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ငလျင်ဒဏ်သင့် ဒေသတွေအတွက် ဘင်္ဂလားဒေ့ရှ်၊ ဖိလစ်ပိုင် နဲ့ လာအိုနိုင်ငံတွေက လှူဒါန်းတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အကူပစ္စည်းတွေ ရောက်ရှိလာ တယ်လို့ ရောက်ရှိလာတယ်လို့ ထုတ်ပြန်ထားပါတယ်။

ကူညီကယ်ဆယ်ရေးပစ္စည်းတွေ နဲ့ စားသောက်ဖွယ်ရာတွေ တင်ဆောင်လာတဲ့ ဘင်္ဂလားဒေ့ရှ်ရေတပ်က စစ်ရေ ယာဉ်တစ်စင်းဟာ ဧပြီ ၁၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့ သီလဝါဆိပ်ကမ်း MITT တံတားကို ရောက်ရှိလာရာ တပ် မတော်(ရေ)မှ အရာရှိကြီးတွေ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် စစ်သံမှူး နဲ့ တာဝန်ရှိသူတွေက ကြိုဆိုနှုတ်ဆက် ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက လှူဒါန်းတဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေမှာ စားသောက်ဖွယ်ရာတွေ၊ ရွက်ဖျင်တဲ၊ အဝတ် အစား၊ သောက်ရေသန့်၊ တစ်ကိုယ်ရေသုံးပစ္စည်းတွေ နဲ့ ဆေးဝါးတွေ စတာတွေ ပါဝင်ပြီး စုစုပေါင်း တန်ချိန် ၁၂၀ ဖြစ်တယ်လို့ သိရပါတယ်။

အလားတူ ဖိလစ်ပိုင် နဲ့ လာအိုနိုင်ငံတွေက လှူဒါန်းတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ ပစ္စည်း တွေ နဲ့ လူ

သုံးကုန်ပစ္စည်းတွေကလည်း ဧပြီ ၁၂ ရက်၊ မနက်ပိုင်းက နေပြည်တော် တပ်မတော်လေဆိပ်ကို အသီးသီး ရောက်ရှိလာပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကြိုဆိုလက်ခံ ရယူခဲ့ကြပါတယ်။