ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်းမှာ ဧရာဝတီမြစ်ရေမြင့်တက်လာတာကြောင့် ဇူလိုင် ၁ ရက်ကနေ ၄ ရက် အတွင်း လူဦးရေ(၄၀၀၀)ကျော်ကို ရေဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရတယ်လို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ယောက်ရဲ့ ပြောကြားချက်အရသိရပါတယ်။
ဗန်းမော်မြို့နယ်အတွင်း မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ဇူလိုင် ၁ ရက်ကနေ ၄ ရက်အတွင်း မြစ်ရေဝင်ရောက်မှု ကြောင့် ဘုန်းတော်ကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ရေဘေးရှောင်စခန်း ၉ ခုဖွင့်လှစ်ထားပြီး ရေဘေးရှောင် ပြည်သူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ငန်း တွေ၊ စားသောက်ဖွယ်ရာတွေနဲ့ လိုအပ်တဲ့ အသုံးအဆောင်တွေ စီစဉ်ဆောင်ရွက်ပေးထားတယ်လို့ ဆိုပါတယ်။

အလားတူ ရွှေကူမြို့နယ်အတွင်းမှာလည်း ဇူလိုင် ၁ ရက်ကနေ ၄ ရက်အတွင်း ဧရာဝတီမြစ်ရေ ဝင်ရောက်မှု ကြောင့် ဘုန်းတော်ကြီးကျောင်းတွေမှာ ရေဘေးရှောင်စခန်း(၆)ခု ဖွင့်ထားလှစ်ပြီး လိုအပ်တဲ့အကူအညီတွေ ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဧရာဝတီမြစ်ရေဟာ ဗန်းမော်မြို့မှာ ဇူလိုင် ၅ ရက် မနက် ၇ နာရီခွဲအချိန် တိုင်းထွာချက်အရ အဲဒီမြို့ ရဲ့ စိုးရိမ်ရေမှတ်အထက် ၄ ပေကျော်ခန့် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက်ခန့် မြင့်တက်လာ နိုင်သလို ရွှေကူမြို့မှာလည်း စိုးရိမ်ရေမှတ်အထက် ၃ ပေကျော်ခန့် ရောက်ရှိနေပြီး နောက် ၁ ရက်အတွင်း ပေဝက် ခန့် မြင့်တက်လာနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။