မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ဧရာဝတီမြစ်ပေါ်ရှိ အင်းဝတံတားဟောင်းကို အိန္ဒိယအင်ဂျင်နီယာ အဖွဲ့တွေ ပါဝင်စစ်ဆေးခဲ့တယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံရုံးက ဧပြီ ၁၃ ရက်က ထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံက ဘေးအန္တရာယ် ကင်းရေး နဲ့ ဖျက်သိမ်းရေးဆိုင်ရာ ကျွမ်းကျင်အင်ဂျင်နီယာအဖွဲ့ဟာ မန္တလေးမြို့ နဲ့ နေပြည်တော်ရှိ ငလျင်ဒဏ်သင့်နေရာတွေ နဲ့ မန္တလေး၊ ဧရာဝတီမြစ်ပေါ်ရှိ အင်းဝတံတားဟောင်းရဲ့ ရထားလမ်းကို မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ တာဝန်ရှိသူတွေ စစ်ဆေးအကဲဖြတ်ရာမှာ ပါဝင်ကူညီခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော် ပြထားပါတယ်။

မြန်မာနိုင်ငံ ငလျင်ဘေးအတွက် အိန္ဒိယအစိုးရအနေနဲ့ Operation Brahma ဗြဟ္မာစီမံချက်ဖြင့် အစားအသောက်၊ သောက်ရေ၊ စောင်၊ ဆေးပစ္စည်းတွေ မီးစက်တွေ ရွက်ဖျင်တဲတွေ ရှေးဦးသူနာပြုစုရေးအတွက် ဆေးသေတ္တာတွေ တစ်ကိုယ် ရေသန့်ရှင်းမှုပစ္စည်းတွေ နဲ့ ရေသန့်စင်မှုစနစ်တွေ အပါအဝင် အရေးပေါ် ထောက်ပံ့ရေး ပစ္စည်းတွေ ၆၆၆ တန် ပေးပို့ထားပြီး ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ်က ပြောထား ပါတယ်။

လက်ရှိအချိန်အထိ လေယာဉ် ခုနစ်စီး နဲ့ အိန္ဒိယရေတပ်သင်္ဘော ခြောက်စင်းဟာ လူသားချင်း စာနာ ထောက် ထား မှုဆိုင်ရာအကူအညီ နဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး (HADR) ပစ္စည်းတွေ ပေးပို့ထားပြီး ဖြစ်သလို မန္တ လေးရှိ အိန္ဒိယယာယီဆေးရုံမှာလည်း လူနာပေါင်း ၁၂၀၀ ကျော်ကို ကုသပေးခဲ့တယ်လို့လည်း ပြောထားပါတယ်။