ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အနီးမှာ ဇွန်လ ၉ ရက် မနက် ၉ နာရီ ၄၄ မိနစ်လောက်က အင်အား ရစ်(ခ်)တာ စကေး ၄ ဒသမ ၅ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန် ချက်အရ သိရပါတယ်၊၊

ပြည်မြို့ရဲ့ အနောက်ဘက် (၁၁)မိုင်ခန့်အကွာ အနက် ၇၇ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာ စကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ရှားသွားခဲ့တာပါ။ ဒါ့အပြင် မတ်လ ၂၈ ရက်က လှုပ်ခတ် ခဲ့တဲ့ မန္တလေးငလျင်ကြီးနဲ့ နောက်ဆက်တွဲ ငလျင်တွေ အပါအဝင် ငလျင်လှုပ်ခတ်မှု စုစုပေါင်းဟာ ဇွန်လ(၅)ရက် အထိ (၁၈၇)ကြိမ်ရှိပြီ ဖြစ်တယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မန္တလေးငလျင်ကြီးကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ အင်းလေးဒေသ စတဲ့နေရာတွေမှာ ထိခိုက်ပျက်စီးမှု များပြားခဲ့ပြီး ရှေးဟောင်းအမွေအနှစ်၊ ဘုရားကျောင်းကန် စေတီပုထိုးတွေနဲ့ လူနေအဆောက်အဦတွေ ပျက်စီးခဲ့ရ ပါတယ်။