ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ၊ အမှတ် (၃) ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းမ ပေါ်ရှိ ဘုရား ကြီး မြို့မဈေးမှာ ဖေဖော်ဝါရီလ ၆ ရက် မနက်အစောပိုင်း ၁၂ နာရီ မိနစ် ၂၀ လောက်က မီးလောင်မှု ဖြစ်ပွား ခဲ့ တယ် လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။

မီးလောင်ရာမှာ ဘုရားကြီးဈေးအတွင်းက အဖျော်ယမကာဆိုင်တွေ၊ လျှပ်စစ်ပစ္စည်းဆိုင်တွေ အပါအဝင် ဈေးဆိုင် ခန်း စုစုပေါင်း ၈ ခန်း လောင်ကျွမ်းခဲ့တယ်လို့ မေတ္တာရွှေစင် ပရဟိတအသင်းက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ မီးလောင်မှုဖြစ်ပွားရာနေရာကို မီးငြှိမ်းသတ်ယာဉ် (၅) စီး၊ အထောက်အကူပြုယာဉ် (၁)စီး၊ ရေသယ်ယာဉ် (၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ပြီး မိနစ် ၄၀ ကျော်အကြာမှာ မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။