မြန်မာနိုင်ငံအရပ်ရပ်မှာ နွေကာလဖြစ်တဲ့ မတ်လ၊ ဧပြီလနဲ့ မေလတွေမှာ နေ့အပူချိန်တွေ တဖြည်းဖြည်း မြင့်တက် နိုင်ပြီး အဲဒီလို အပူချိန်မြင့်တက်လာရာကနေ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းကာ မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန် ပါတယ်။

အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတစ်လျှောက်မှာ လေပြင်းတိုက်ခတ်တာ၊ လေပြင်းနဲ့အတူ ထစ်ချုန်း တာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာ၊ မိုးသီးကြွေတာနဲ့ နေရာကွက်ကျား မိုးထစ်ချုန်းရွာတာ စတဲ့ မိုးလေဝသဖြစ် စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။အဲဒီ မတ်လ၊ ဧပြီလနဲ့ မေလတွေအတွင်း ဖြစ်ပေါ်လာနိုင်တဲ့ မိုးလေဝသဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အထူးဂရုပြု နေထိုင်သွားကြဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေးနဲ့ ရေကြောင်းခရီးစဉ်တွေအနေနဲ့လည်း ကြိုတင်သတိပြု နိုင်ဖို့ အသိပေးထုတ်ပြန်ထားပါတယ်။