နေပြည်တော်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် စက်တင်ဘာ ၁၂ ရက်၊ ည ၈ နာရီခွဲထိ သေဆုံးသူ ၁၉ ယောက် ရှိတယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူ ဦးဆောင်တဲ့ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေက ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ရာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတဲ့ နေပြည်တော်အတွင်းရှိ ရပ်ကွက်/ကျေးရွာ နေရာ ၃၀ က ရေဘေးသင့် ပြည်သူ ၃၆၀၀ ကျော်ကို ရေဘေးလွတ်ရာနေရာတွေကို ကူညီကယ်ဆယ် ရွှေ့ပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရေကြီးရေလျှံမှုအတွင်း သေဆုံးသူ အမျိုးသား ၆ ယောက်၊ အမျိုးသမီး ၁၃ ယောက် စုစုပေါင်း ၁၉ ယောက် ရှိတယ်လို့ ကနဦး သတင်းရရှိ ထားပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင် ရွက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
အလားတူ မန္တလေးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုတွေကြောင့် စက်တင်ဘာ ၁၂ ရက်၊ မနက်ပိုင်းအထိ ရမည်းသင်းမြို့နယ်မှာ ၁၇ ယောက်၊ ပုသိမ်ကြီးမြို့နယ်မှာ ၁ ယောက် စုစုပေါင်း ၁၈ ယောက် သေဆုံးကြောင်းကို လည်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။