ရန်ကုန် – နေပြည်တာ် အမြန်လမ်း၊ ၁၆၅မိုင်မှာရှိတဲ့ တံတားတစ်စင်းပြင်ဆင်နေမှုကြောင့် သွားလာနေတဲ့ကားတွေ အစီးရေရာနဲ့ချီပြီးပိတ်မိနေပါတယ်။

အဲဒီတံတားရဲ့အောက်ခံသံပြားတွေပျက်စီးနေတာကို မေလ ၃၀ရက်ညနေပိုင်းကတွေ့ရှိခဲ့ပြီးတဲ့နောက် လမ်းပိတ်ထားပြီး ပြင်ဆင်တာတွေချက်ချင်းလုပ်နေတာလို့ တာဝန်ကျရဲအချို့ကပြောပါတယ်။

တစ်ညလုံးပြင်ဆင်ပြီးတဲ့နောက် မေလ ၃၁ရက်နေ့ နံနက် ၁နာရီခန့်မှာ အသွားအပြန် ယာဉ်တစ်စီးချင်းအလိုက်ပြန်လွှတ်ပေးနိုင်ခဲ့ပြီလို့သိရပါတယ်။

မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ အမြန်လမ်းမကြီးအချို့နေရာတွေနဲ့ လမ်းမကြီးပေါ်ကတံတားတွေလည်းထိခိုက်မှုတွေရှိခဲ့တာဖြစ်ပါတယ်။

အဲဒီအတွက်စစ်ဆေးမှုတွေလည်းဆက်တိုက်ပြုလုပ်နေပြီး ပြင်ဆင်မှုအများစုကိုလည်း ဆောင်ရွက်ပြီးဖြစ်တယ်လို့သိရပါတယ်။