နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်နဲ့ မန္တလေးတိုင်းဒေသကြီးတွေအပါအဝင် နိုင်ငံတစ်ဝန်းမှာ အချိန်အခါမဟုတ် မိုးရွာနိုင် တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလား ပင်လယ်အော်တို့က လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီး ရပ်ဝန်းဒေသက ရွေ့လျားလာတဲ့ လေအေးတို့တွေ့ဆုံတာကြောင့်ရယ် အရှေ့ဘက်ကရွေ့လျားလာတဲ့ လေပွေလှိုင်း တွေရဲ့ အရှိန်ကြောင့် နဲ့ အပူပျံတက်တိမ် ဖြစ်ထွန်းမှု အားကောင်းတာကြောင့် အချိန်အခါမဟုတ် မိုးရွာနိုင်တာလို့ ဆိုပါတယ်။

အဲဒီအခြေအနေတွေကြောင့် ဧပြီလ ၁၁ ရက်နေ့ကနေ ဧပြီလ ၁၇ ရက်နေ့အထိ နိုင်ငံတစ်ဝှမ်းလုံးမှာ နေရာစိပ် စိပ်ကနေ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး တစ်ချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်မယ်လို့ ထုတ် ပြန်ထားပါတယ်။
အဲဒီလို အချိန်အခါမဟုတ်မိုးရွာတာနဲ့အတူ လေပြင်းတိုက်ခတ်တာ ၊ မိုးထစ်ချုန်းရွာတာ ၊ မိုးကြိုးပစ်တာ ၊ လျှပ်စီးလက်တာ ၊ မိုးသီးကြွေတာနဲ့ မြေပြိုတာ စတဲ့ မိုးလေဝသ ဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြု ကြဖို့ကိုလည်း အကြံပြုထားပါတယ်။