ဆိုးရွားတဲ့တောမီးလောင်ကျွမ်းမှုကြောင့် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတောင်ပိုင်း လော့စ်အိန် ဂျယ်လိစ်မြို့တစ်ဝန်းမှာ ပျက်စီးဆုံးရှုံးမှု များစွာဖြစ်ပေါ်ခဲ့ကြောင်း BBC သတင်းမှာ ရေးသားထားပါတယ်။
ဒါ့အပြင် လေတိုက်နှုန်းကလည်း ပိုပြင်းထန်လာတာကြောင့် လာမယ့်ရက်တွေမှာလည်း တောမီးလောင်ကျွမ်းမှု ပိုမို ဆိုးရွား လာနိုင်တယ်လို့ ခန့်မှန်းသုံးသပ်ထားကြပါတယ်။ လေတိုက်နှုန်းကြောင့် အန္တရာယ်ဖြစ်လာနိုင်ချေ ပိုများလာနိုင်ပြီး လူသေဆုံးမှုလည်း ပိုမိုမြင့်တက်လာနိုင်တယ်လို့ လော့စ်အိန်ဂျလိစ်မြို့အုပ်ချုပ်ရေးမှူးက ပြောကြားထားပါတယ်။
တောမီးလောင်ကျွမ်းမှုက ပိုမိုကူးစက်လာနေပြီး လော့စ်အိန်ဂျလိစ်မြို့တစ်ဝန်းက လူနေထူထပ်တဲ့ နေရာတွေနဲ့ အထင်ကရနေရာတွေကို ကျယ်ပြန့် စွာလောင်ကျွမ်းလာနိုင်တာကြောင့် အထူးသတိထားကြပြီး ဘေးလွတ်ရာတွေ ကို ရှောင်ရှားကြဖို့ သတိပေးချက်တွေလည်း ထုတ်ပြန်ထားပါတယ်။