စစ်တောင်းမြစ်ရေဟာ လက်ရှိမှာ တောင်ငူမြို့နဲ့မဒေါက်မြို့တို့မှာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ပါတယ်။
စက်တင်ဘာလ (၂၃) ရက်၊ မနက်(၈)နာရီခွဲအချိန်ထုတ်ပြန်တဲ့ ရေကြီးမှုအခြေအနေထုတ်ပြန်ချက်မှာ အခုလိုပါရှိတာပါ။
စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ အဲဒီမြို့ရဲ့စိုးရိမ်ရေမှတ်အထက်ကို (၃)ပေခန့်ကျော်လွန်ရောက်ရှိနေပြီး နောက် (၁)ရက်အတွင်း အနည်းငယ်ကျဆင်းသွားနိုင်ပေမယ့် အဲဒီမြို့ ရဲ့စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ဆိုပါတယ်။
မဒေါက်မြို့မှာလည်း အဲဒီမြို့ရဲ့စိုးရိမ်ရေမှတ်အထက်ကို(၄)ပေခွဲခန့်ကျော်လွန်ရောက်ရှိနေပြီး နောက် (၁)ရက်အတွင်း အနည်းငယ်ကျဆင်းလာနိုင်ပေမယ့် အဲဒီမြို့ရဲ့စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် တောင်ငူမြို့နယ်နဲ့မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ ရေဘေးလွတ်ရာနေရာတွေကိုရှောင်ရှားနိုင်ဖို့အတွက်လည်း သတိပေးနှိုးဆော်ထားပါတယ်။