တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ ဧပြီလ ၄ ရက် ညနေကနေ ၁၁ ရက်နေ့အထိ အချိန်အခါမဟုတ် မိုးရွာနိုင် တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဧပြီ ၂ ရက် ည ၇ နာရီအချိန်မှာ ထုတ်ပြန်ထားပါတယ်။

ဧပြီ ၂ ရက် ည ၆ နာရီခွဲအချိန်တိုင်းထွာချက်တွေအရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ ဖြစ်ပေါ် နေတဲ့ လေနွေးတွေနဲ့ တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသက ရွေ့လျားလာတဲ့ လေအေးတွေ တွေ့ဆုံမှုကြောင့်နဲ့ အရှေ့ဘက်ကနေ ရွေ့လျားလာတဲ့ လေပွေလှိုင်းတွေရဲ့ အရှိန်ကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အချို့မှာ အချိန်အခါမဟုတ် မိုးရွာနိုင်တယ်လို့ ဆိုပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ဧပြီ ၂ ရက် ညနေပိုင်းကနေ ၅ ရက်အတွင်း နေရာ ကျဲကျဲကနေ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါတယ်။

အလားတူ ဧပြီလ ၆ ရက်ကနေ ၁၁ ရက်အတွင်း နေပြည် တော်အပါအဝင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည် နယ်တွေမှာ နေရာကွက်ကျားကနေ နေရာကျဲကျဲနဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါတယ်။
အဲဒီလို အချိန်အခါမဟုတ်မိုးရွာတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက် တာနဲ့ မိုးသီးကြွေတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် သတိပြုနေထိုင်ကြဖို့ကိုလည်း အသိပေး ထုတ်ပြန်ထားပါတယ်။