တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံကို ကူညီထောက်ပံ့ပေးတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းတွေဟာ သတ္တမအသုတ်အဖြစ် ဧပြီ၂၀ရက် နေ့လယ်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိခဲ့တယ်လို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

အခုသတ္တမအသုတ်အဖြစ် ရောက်ရှိလာတဲ့ ပစ္စည်းတွေထဲမှာ ဆေးဝါးတွေအပါအဝင် စုစုပေါင်းအလေးချိန် ၉၅တန်ကျော်ရှိတယ်လို ဆိုပါတယ်။

ဒီအကူအညီပစ္စည်းတွေကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းထံလွှပြောင်းပေးအပ်ခဲ့ပြီး မော်တော်ယာဉ်တွေပေါ်ကို တင်ဆောင်ကာ ငလျင်ဒဏ်သင့်ဒေသတွေကို အချိန်နဲ့တပြေးညီ ပိုဆောင်ပေးသွားမှာဖြစ်တယ်လို သိရပါတယ်။