တရုတ်နိုင်ငံ တိဗက်မြို့မှာ ဇန်နဝါရီ ၇ ရက် မနက် ၆ နာရီ ၃၅ မိနစ်လောက်က ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း The Straits Times သတင်းမှာ ရေးသားထားပါတယ်။

China Earthquake Networks Center ကလည်း တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြို့တစ်မြို့ဖြစ်တဲ့ တိဗက်မြို့မှာ ပြင်းအား ၆ ဒသမ ၈ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။အဲဒီငလျင်ဟာ အနက် ၁၀ ကီလိုမီတာမှာ ဗဟိုပြုပြီး တိဗက်မြို့တော် လာဆာကနေ ၃၈၀ ကီလိုမီတာခန့် အကွာမှာ လှုပ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ငလျင်ကြောင့် ပြင်းထန်တဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းသုံးသပ်ထားကြပါတယ်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ ငလျင်တွေ မကြာခဏ လှုပ်ခတ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်အတွင်းက စီချွမ်ပြည်နယ်မှာ ကြီးမားတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တာ ကြောင့် လူပေါင်း ၇၀,၀၀၀ နီးပါး သေဆုံးခဲ့ပါတယ်။