ဧပြီလ ၂ ရက် မနက် ၈ နာရီအချိန်ထိ နောက်ဆုံးကောက်ယူရရှိထားတဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ငလျင်ဒဏ်သင့်ခဲ့ရတဲ့ ဒေသတွေမှာ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၂၈၈၆ ယောက်၊ ဒဏ်ရာရရှိ သူစုစုပေါင်း ၄၆၃၉ ယောက်နဲ့ ပျောက်ဆုံးနေသူ အယောက် ၃၇၃ ရှိတယ်လို့ နစက သတင်းထုတ်ပြန် ရေးအဖွဲ့ကနေ ထုတ်ပြန်လိုက်ပါတယ်။

မတ်လ ၂၈ ရက်က ဖြစ်ပေါ်ခဲ့တဲ့ အင်အားအလွန်ပြင်းထန်တဲ့ မြေငလျင်နဲ့ နောက်ဆက်တွဲငလျင်ငယ်တွေ လှုပ်ရှားခဲ့တာကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော် ကောင်စီနယ်မြေနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ ငလျင်ဒဏ်သင့်တာတွေ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်၊၊

အဲဒီအပြင် လမ်းတံတား၊ အဆောက်အဦတွေ ထိခိုက်ပျက်စီးခဲ့ရပြီး ပြည်သူတွေ အသက်သေဆုံးခဲ့ရမှုတွေနဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေ ဖြစ်ပေါ်ခဲ့ရကာ ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း သက်ဆိုင်ရာ နယ်မြေ အလိုက် ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊၊