ပြည်သူတွေအနေနဲ့ ငလျင်လှုပ်ခတ်မှုနှင့်ပတ်သတ်ပြီး သတင်းတုသတင်းမှားတွေကို မယုံကြည်ကြဖို မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်၊၊

လက်ရှိ လူမှုကွန်ရက်စာမျက်နှာတွေမှာ မကြာခင် ဘယ်နာရီအတွင်း ဘယ်နေ့ရက်မှာ မြေငလျင်ကြီးလှုပ်ခတ်နိုင်တဲ့ဆိုတဲ့ ရေးသားဖော်ပြထားမှုတွေကိုတွေ့ရှိနေရတယ်လို ဆိုပါတယ်၊၊

ငလျင်ဆိုတာက အခုချိန်ထိ တိတိကျကျ ခန့်မှန်းတွက်ချက်လိုမရတဲ့ သဘာဝဘေးတစ်မျိုးဖြစ်တာကြောင့် ငလျင်နဲ့ပတ်သတ်ပြီး ကောလဟလသတင်းတွေတွေကိုလည်း မယုံကြည်ကြဖိုလိုတယ်လို ဒေါက်တာယဉ်မျိုးမင်းထွေးက ပြောပါတယ်၊၊

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြေငလျင်ဌာနခွဲအနေနဲ့ မြေငလျင်နဲ့ ဆူနာမီသတိပေးချက်တွေကို ပြည်သူတွေကို အချိန်နဲ့တပြေးညီသတင်းထုတ်ပြန်ပေးနေသလို မြန်မာနိုင်ငံမှာတပ်ဆင်ထားရှိတဲ့ မြေငလျင်စခန်းတွေကရရှိတဲ့ အချက်အလက်တွေကို အသုံးပြုပြီး မြေငလျင်ဗဟိုချက်တွက်ချက်ကာ မြေငလျင်သတင်းတွေကို ထုတ်ပြန်ပေးနေတယ်လို သိရပါတယ်၊၊