ငလျင်ဒဏ်သင့်ပြည်သူတွေကို နှစ်ရှည်စီမံချက်နဲ့ အနည်းဆုံး ၁နှစ်ကနေ ၅နှစ်အထိ ကူညီကယ်ဆယ်ထောက်ပံ့နိုင်မဲ့ KBZ Center Mandalayကို အခိုင်အမာတည်ဆောက်နေတယ်လို သတင်းထုတ်ပြန်ပါတယ်။

KBZဖောင်ဒေးရှင်းရဲ့နာယက ဦးအောင်ကိုဝင်းက စစ်ကိုင်းမြိုနဲ့ မန္တလေးမြိုကို ဧပြီ၂ရက်က ရောက်ရှိခဲ့ချိန်မှာ KBZ Center Mandalayကိုတည်ဆောက်ဖို လမ်းညွှန်ခဲ့တာြဖစ်ပြီး KBZ Center Mandalayအပါအဝင် စုစုပေါင်း ငွေကျပ် ၄၅ဘီလီယံကို ကနဦးမတည်လှူဒါန်းခဲ့တာဖြစ်တယ်လို ဆိုပါတယ်။

အခုတည်ဆောက်နေတဲ့စင်တာမှာ ၂၄နာရီကွပ်ကဲမှုရုံးခန်း၊ Call Center၊ Information & Administartion Center၊ ကုသရေးစင်တာ၊ Medical & First Aid Pointတွေနဲ့ Doctor Consultant Roomတွေ၊ ECG & Ultra Sound Roomတွေ၊ အစည်းအဝေးခန်း၊ ဆရာဝန်နဲ့

သူနာပြုနားနေခန်းတွေ၊ သွေးထုတ်ခန်း၊ ဆေးပေးခန်း၊ ကျန်းမာရေးပညာပေးအခန်းတွေပါဝင်ပြီး အများပြည်သူလိုအပ်တဲ့ ရေ၊ မီး၊ အစားအသောက်နဲ့ ဆေးဝါးတွေကို စဉ်ဆက်မပြတ် ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အသေးစားခွဲစိတ်ခန်း၊ စိတ်ကျန်းမာရေးကုသခန်း ၂ခန်းနဲ့ အထူးကုဆေးခန်း၄ခန်း၊ အထွေထွေကုသရေးဆေးခန်း၇ခန်းနဲ့ တစ်ရက်ကို လူနာဝန်းကျင် ၇၀၀ကို အခမဲ့ဆေးကုသပေးနိုင်မှာဖြစ်တယ်လိုလည်း သိရပါတယ်။

အဲဒီစင်တာမှာ တစ်ကြိမ်ကို လူ၁၄၀ခန့် ထမင်းစားသုံးနိုင်တဲ့ အခမဲ့ထမင်းစားဆောင်၂ဆောင်၊ တစ်ပြိုင်တည်း ၂၄ဦးအသုံးပြုနိုင်တ့ အများသုံးရေချိုးခန်းတွေ၊ သန့်စင်ခန်းတွေ၊ ယာယီဂတ်စ်မီးဖိုဆောင်တွေလည်း ပါဝင်တယ်လို ဆိုပါတယ်။
KBZဖောင်ဒေးရှင်းအနေနဲ့ ငလငျ်ဘေးသင့်ပြည်သူတွေအတွက် KBZ Center Mandalay အမြန်ဆုံးပြီးမြောက်နိုင်ရေးတ္က် စက်ယန္တရားတွေ၊ လူအင်အားတွေအသုံးပြုပြီး ကြိုးစားဆောင်ရွက်နေသလို ဧပြီ၁၈ရက်အထိ လုပ်ငန်းဆောင်ရွက်မှု ၈၅ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်တယ်လို သတင်းထုတ်ပြန်ထားပါတယ်။