ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တို့မှာ အောက်တိုဘာဒုတိယ ၁၀ ရက်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်းနှစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်မှာပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်ကိုရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။
အောက်တိုဘာ ၁၁ ရက်မှာထုတ်ပြန်တဲ့ အောက်တိုဘာဒုတိယ ၁၀ ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်ထဲမှာ အခုလို ဖော်ပြထားတာပါ။

အနောက်တောင်မုတ်သုံလေကလည်း အောက်တိုဘာ ၁၁ ရက်ကနေ ၁၅ ရက်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းကနေ ဆုတ်ခွာသွားဖွယ်ရှိတယ်လို့ ခန့်မှန်းချက်ထဲမှာဖော်ပြထားပါတယ်။
မိုးရွာသွန်းမှုအခြေအနေကတော့ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်းနဲ့အရှေ့ပိုင်း)၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးအပါအဝင် ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာတော့ ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။