မကွေးတိုင်းဒေသကြီး အောင်လံမြို့က မြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ဧရာဝတီမြစ်ရေ ဝင်ရောက်နေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဇူလိုင် ၁၆ ရက်၊ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ ဧရာဝတီ မြစ်ရေဟာ အောင်လံမြို့မှာ စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၂၅၅၀ စင်တီ မီတာရဲ့ အထက်ကျော်လွန်နေပြီး ၂၆၀၂ စင်တီမီတာကို ရောက်ရှိ နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီမြစ်ရေ ဟာ နောက် ၁ ရက်အတွင်း ၃ လက်မခန့် ထပ်မံမြင့်တက်လာနိုင်ပြီး စိုးရိမ်ရေမှတ် အထက်မှာပဲ ဆက်ရှိနိုင်တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာတော့ အောင်လံက ကမ်းနားလမ်းမြေနိမ့်ပိုင်းရပ်ကွက်တွေမှာ ရေဝင်ရောက်နေတာကြောင့် ရေဘေးလွတ်တဲ့နေရာတွေ၊ ယာယီကယ်ဆယ်ရေးစခန်းတွေနဲ့ ဘုန်းကြီးကျောင်း တွေမှာ ပြောင်းရွှေ့ နေထိုင်နေကြရပြီး စာသင်ကျောင်းတချို့လည်း ပိတ်ထားရတယ်လို့ ဒေသခံတွေရဲ့ ပြောကြား ချက်အရ သိရပါတယ်။