ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ ဆက်စပ်နေတဲ့ အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ နောက် ၃၆ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဩဂုတ် ၁၇ ရက်၊ မွန်းလွဲ ၂ နာရီအချိန် ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီလေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကိုရောက်ရှိခဲ့ပြီး မြောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ပါတယ်။ အဲဒီနောက် ပိုမိုအားကောင်းလာကာ နောက် ၃၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်စပ်နေတဲ့အနောက်ဘင်္ဂလားပြည်နယ်တွေမှာ အားကောင်းတဲ့လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီကနေတစ်ဆင့် အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဂျက်ခမ်းပြည်နယ်တို့ကို ဖြတ်ကျော်နိုင်တယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းထားပါတယ်။