အီကွေတာအနီးမှာရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်နဲ့ လေထုဖြစ်စဉ်တွေမှာ အားအနည်းငယ်ရှိတဲ့ လာနီညာအခြေအနေတွေ ဆက်လက်တည်ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်၊၊

မတ်လအတွင်းဖြစ်ပေါ်နိုင်တဲ့ လာနီညာအခြေအနေသတင်းထုတ်ပြန်ချက်မှာ နိုင်ငံတကာ မိုးလေဝသဌာနတွေရဲ့ သင်္ချာပုံစံပြု မော်ဒယ်တွေ ခန့်မှန်းချက်အရ မတ်လအတွင်း အားအနည်းငယ်ရှိတဲ့ လာနီညာ အခြေအနေကနေ ပုံမှန်နှစ်တစ်နှစ်ကို ပြန်လည်ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားတယ်လို့လည်း ထုတ်ပြန်ပါတယ်။လာနီညာဖြစ်စဉ်ဟာ ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တဲ့ ဖြစ်စဉ်ဖြစ်ပြီး အဲဒီ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက် ရောက်မှုမှာ ယေဘုယျအနေနဲ့ အရှေ့ဘက်က လေပွေလှိုင်းတွေတိုက်ခတ်တာ၊ အနောက်ဘက်က လေပွေလှိုင်း တွေ တိုက်ခတ်တာနဲ့ မိုးရွာသွန်းမှု မူမမှန်တာ စတဲ့ ရာသီဥတုဖြစ်စဉ်တွေ ဖြစ်ပေါ်လေ့ရှိတယ်လို့ သိရပါတယ်၊၊

ဒါ့အပြင် လာမယ့်နှစ် နွေရာသီမှာလည်း မြန်မာနိုင်ငံ တောင်ပိုင်းဘင်္ဂလားပင်လယ်အော်နဲ့ မြစ်ဝကျွန်းပေါ်ဒေသ တွေမှာ မိုးရွာသွန်းတာတွေ ရှိနိုင်ပြီး အပူချိန်ဖြစ်နိုင်ခြေကတော့ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေက ပုံမှန် အပူချိန် ရှိနိုင်ကာ ကျန်ဒေသတွေကတော့ ပုံမှန်ထက်ပိုပူနိုင်တယ်လို့ နိုင်ငံတကာရာသီဥတုဗဟိုဌာနကြီးတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်၊၊