ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်မှာ ငဝန်မြစ်ရေ ဝင်ရောက်မှုကြောင့် အခြေခံပညာကျောင်းပေါင်း ၃၆ ကျောင်းကို ယာယီပိတ်ထားရတယ်လို့ မြို့နယ်ပညာရေးမှူးရုံးကနေ သိရပါတယ်။
စာသင်ကျောင်းအတွင်းကို မြစ်ရေဝင်ရောက်တာတွေကြောင့် ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ဆရာမတွေ သွားလာရာအခက်အခဲ ရှိတာ၊ အန္တရာယ်ရှိနိုင်တာတွေကြောင့် ကျောင်းတွေကို ယာယီပိတ်ထားလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ငဝန်မြစ်ရေကြီးမှုကြောင့် ရေကြည်မြို့နယ်အတွင်းက အခြေခံပညာ အထက်တန်းကျောင်း (၂) ကျောင်း၊ အလယ် တန်းကျောင်း (၈)ကျောင်းနဲ့ မူလတန်းကျောင်း (၂၆)ကျောင်း၊ စုစုပေါင်း(၃၆)ကျောင်းကို ဇူလိုင် ၂၂ ရက်ကစပြီး ယာယီ ပိတ်ထားရတာဖြစ်ပါတယ်။

စာသင်ကြားမှုနောက်ကျမှု မရှိစေဖို့အတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ပြန်လည်အစားထိုး သင်ကြားပေးသွားမယ်လို့ သိရပါတယ်၊၊ အဲဒီအပြင် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့ နယ်မှာလည်း ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် အခြေခံ ပညာကျောင်းပေါင်း ၂၅ ကျောင်းကို ယာယီပိတ်ထားရ တယ်လို့ သိရပါတယ်။
ဇူလိုင် ၂၅ ရက်၊ နေ့လယ် ၁၂ နာရီခွဲအချိန် တိုင်းတာရရှိတဲ့ ငဝန် မြစ်ရေ အခြေအနေကတော့ သာပေါင်းမှာ စိုးရိမ်ရေမှတ်အထက် ၃၀ စင်တီမီတာ နဲ့ ငါးသိုင်းချောင်းမှာ စိုးရိမ် ရေမှတ်အထက် ၅၅ စင်တီမီတာ ကျော်လွန် ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက် တည်ရှိနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။