ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့မှာ ရေကြီးရေလျှံမှုကာလအတွင်း ရေကြီးမှုနဲ့အတူ မျောပါလာနိုင်တဲ့ အဆိပ်ပြင်းမြွေနဲ့ မြွေအန္တရာယ်တွေကို ကြိုတင်ကာကွယ်ဖို့နဲ့ ဂရုပြုနေထိုင်သွားဖို့လိုအပ်တယ်လို့ တွဲလက်တူညီဒို့တက္ကစီနဲ့ အင်းစိန်ဘရားသားကီလိုတက္ကစီဂရုက တာဝန်ရှိသူတစ်ယောက်က One News ကိုပြောပါတယ်၊၊
မြွေတွေဟာ ရေကြီးရေလျှံမှုတွေ ဖြစ်ပြီးတဲ့အခါတိုင်း မကြာခဏ နေရာပြောင်းရွှေ့တတ်ကြသလို မိုးကြီး ရေလျှံမှုဖြစ်ပွားတာတွေကြောင့် များစွာသော တိရစ္ဆာန်တွေဟာ နေရာပြောင်းရွှေ့ရင်း လူတွေနဲ့နီးကပ်တဲ့နေရာကို ရောက်ရှိလာတတ်ကြတယ်လို့ ဆိုပါတယ်၊၊

ရေဘေးသင့်တဲ့နေအိမ်တွေမှာ အဆိပ်ရှိ သတ္တဝါတွေဟာ ခိုအောင်းနေတတ်ကြပြီး ပြည်သူတွေအနေနဲ့ အန္တရာယ်မဖြစ်အောင် ခပ်ဝေးဝေးနေဖို့လိုတယ်လို့ တွဲလက်တူညီဒို့တက္ကစီနဲ့ အင်းစိန်ဘရားသားကီလိုတက္ကစီဂရုက တာဝန်ရှိသူတစ်ယောက်ကပြောပါတယ်၊၊

ဒါ့အပြင် ရေကြီးမှုအတွင်းမှာ ရေမြုပ်နေတဲ့ နေရာကို ခြေဗလာနဲ့ဆင်းတာတွေမပြုလုပ်ဖို့၊ ရေထဲမျောပါလာတဲ့ သစ်တုံးတွေ တခြားအရာဝတ္တုတွေကို ကိုင်တွယ်တာနဲ့ တက်နင်းတာတွေမပြုလုပ်ဖို့၊ မြွေခိုအောင်းနိုင်တဲ့နေရာတွေကို စစ်ဆေးတာ၊ ရေနဲ့မျောပါလာတဲ့အမှိုက်တွေရှင်းတဲ့အခါ လက်နဲ့ကောက်ယူရှင်းတာတွေ မပြုလုပ်ဖို့ လိုအပ်သလို မြွေကိုက်ခံရရင် နီးစပ်ရာဆေးရုံကိုအမြန်ဆုံးသွားဖို့ လိုအပ်တယ်လို့လည်း Snakes of Myanmar Group က အသိပေးထားပါတယ်၊၊