တောင်ငူ၊ မဒေါက်နဲ့ ဘားအံမြို့တွေက မြစ်ရေတွေဟာ ဩဂုတ် ၂၇ ရက်၊ မနက် ၆ နာရီခွဲအချိန်တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်အထက်မှာရောက်ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။
စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့မှာ စိုးရိမ်ရေမှတ်အထက် ၂၇ စင်တီမီတာ၊ မဒေါက်မြို့မှာ ၃၇ စင်တီမီတာကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သံလွင်မြစ်ရေကလည်း ဘားအံမြို့မှာ စိုးရိမ်ရေမှတ်အထက် ၅၆ စင်တီမီတာကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်နိုင်ကာ စိုးရိမ်ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့ဆိုပါ တယ်။
ဒုဋ္ဌဝတီမြစ်ရေကတော့ မြစ်ငယ်မြို့မှာ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။