ကချင်ပြည်နယ်အတွင်းက မေခနဲ့ မလိခမြစ် အထက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ ဟာ ဇွန်လ(၃၀) ရက် မနက်ပိုင်းကစတင်ပြီး မြင့်တက်ခဲ့ရာ လက်ရှိမှာတော့ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်တွေမှာ ရေအနည်းငယ်ပြန်ကျလာတယ်လို့ မြစ်ကြီးနားမြို့က ဒေသခံသတင်းထောက် ဦးမိုဃ်းကျက One News ကို ပြော ပါတယ်၊၊

ရေပြန်ကျသွားတဲ့နေရာတွေကို မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူ တွေက သန့်ရှင်းရေးဆောင်ရွက်တာ၊ ပစ္စည်းတွေပြောင်းရွေ့ပေးတာစတာတွေကို ပူးပေါင်းဆောင်ရွက်ပေးနေ တယ်လို့ ဆိုပါတယ်၊၊

မြို့ပေါ်ရပ်ကွက်တွေမှာ ရေအနည်းငယ်ပြန်ကျသွားတာဖြစ်ပြီး မြေနိမ့်ပိုင်းရပ်ကွက်တွေမှာတော့ ရေအနည်းငယ် ကျန်သေးတယ်လို့ မြို့ခံသတင်းထောက် ဦးမိုဃ်းကျက အခုလို ပြောပါတယ်၊၊

ဧရာဝတီမြစ်ရေဟာ ဇူလိုင် ၃ ရက် မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ မြစ်ကြီးနားမြို့မှာ ၁၀၂၈ စင်တီမီတာ အထိပြန်လည်ကျဆင်းလာတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်အရ သိ ရပါတယ်၊၊