ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှာ ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နေပြီး ရေဘေသင့်ပြည်သူတွေအတွက် အလှူရှင်တွေလည်း နည်းပါးနေတယ်လို့ မိုးမာန်ဖောင်ဒေးရှင်း တည်ထောင်သူ ကိုမိုးမာန်က One News ကို ပြောပါတယ်၊၊
အဲဒီမြို့နယ်အတွင်းက ရေဘေသင့်ပြည်သူတွေအနေနဲ့ အစားအသောက်နဲ့အဝတ်အထည်တွေ အဓိက လိုအပ်နေပြီး ရေသန့်၊ ခေါက်ဆွဲခြောက်၊ ဆန် စတဲ့ အခြေခံစားသောက်ကုန်တွေ လိုအပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်၊၊

မြစ်ရေမြင့်တက်မှုကြောင့် အိမ်ခေါင်မိုးတွေအထိ ရေတွေတက်နေပြီး ကျောင်းတွေလည်းပိတ်ထားရကာ ပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့လည်း မိုးမာန်ဖောင်ဒေရှင်းတည်ထောင်သူ ကိုမိုးမာန်က ပြောပါတယ်၊၊
ဒါ့အပြင် ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်နဲ့ လက်ပံတန်းမြို့နယ်တွေမှာလည်း ဧရာဝတီမြစ်ရေ မြင့်တက်မှု ကြောင့် လယ်ဧကတွေ ပျက်စီးဆုံးရှုံးပြီး ကျောင်းတွေလည်း ပိတ်ထားရတယ်လို့ သိရပါတယ်၊၊