လက်ရှိ ကချင်ပြည်နယ်အတွင်းရှိ နန့်ယင်းချောင်းရေနဲ့ နန့်ကောင်းချောင်းရေဟာ မိုးကောင်းမြို့မှာ အဲဒီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်ရောက်ရှိနေတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇူလိုင် လ(၃)ရက် မနက် ၈ နာရီခွဲအချိန်မှာ ထုတ်ပြန်ပါတယ်။

အဲဒီနန့်ယင်းချောင်းရေဟာ လက်ရှိ မိုးကောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို (၂)ပေခန့် ကျော်လွန်ရောက်ရှိနေ သလို နန့်ကောင်းချောင်းရေဟာလည်း မိုးကောင်းမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ပေဝက်ခန့် ကျော်လွန်ရောက်ရှိ နေတယ်လို့ ဆိုပါတယ်၊၊

ဒါ့အပြင် အဲဒီမြစ်ရေတွေဟာ နောက်တစ်ရက်အတွင်း (၁)ပေခန့် ဆက်လက် မြင့်တက်လာနိုင်ပြီး အဲဒီမြို့ရဲ့စိုးရိမ် ရေမှတ်အထက်မှာ ဆက်လက်တည်ရှိနိုင်တယ်လို့လည်း ဆိုပါတယ်၊၊

ဒါ့ကြောင့် မိုးကောင်းမြို့နယ်ထဲက မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းဒေသတွေမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။