မကွေးတိုင်းဒေသကြီးအတွင်းက မြို့နယ်အချို့မှာ စက်တင်ဘာလ(၂၀)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကနေသိရပါတယ်။
မိုးနဲ့အတူ လေပြင်းတိုက်ခတ်မှုကြောင့် မကွေးမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ သရက်မြို့နယ်၊ ရေနံချောင်းမြို့နယ်နဲ့ မင်းဘူးမြို့နယ်တွေမှာနေအိမ်တွေအပေါ် သစ်ပင်လဲကျတာတွေနဲ့ လမ်းမတွေ၊ ကားလမ်းမတွေအပေါ် သစ်ပင်လဲကျတာတွေ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။

အဲဒီနေရာတွေကို သက်ဆိုင်ရာမြို့နယ်မီးသတ်စခန်းတွေက မီးသတ်တပ်ဖွဲ့ဝင်တွေသွားရောက်ပြီး ရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။
ဒါ့အပြင် မန္တလေးတိုင်းဒေသကြီးအတွင်းကမြို့နယ်အချို့မှာလည်း စက်တင်ဘာလ(၂၀)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အိမ်ခြံစည်းရိုးတွေ၊ ဓာတ်ကြိုးတွေ၊ လမ်းမတွေအပေါ် သစ်ပင်လဲကျတာတွေ ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
ဓာတ်ပုံ-မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့