ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး စက်တင်ဘာ ၁ ရက်မှာ မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းလာနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဩဂုတ် ၂၉ ရက်၊ နေ့လယ် ၃ နာရီအချိန်ထုတ်ပြန်ထားပါတယ်။
အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်ကိုရွေ့လျားနိုင်ပြီး ဩဂုတ် ၃၀ ရက်မှာ ပိုမိုအားကောင်းလာနိုင်ကာ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနဲ့ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့ကိုရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စက်တင်ဘာလ ၁ ရက်မှာတော့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်အဖြစ် ပိုမိုအားကောင်းလာနိုင်တယ်လို့လည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကခန့်မှန်းထားပါတယ်။
မိုးနှောင်းကာလ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ၃ ကြိမ်ဖြစ်ပေါ်နိုင်ပြီး ၂ ကြိမ်က ပိုမိုအားကောင်းလာကာမုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဩဂုတ် ၂၈ ရက်မှာထုတ်ပြန်ထားပါတယ်။