မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေကို မေလ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။
မေလ(၂၁)ရက် မနက်ပိုင်းက ထုတ်ပြန်တဲ့ မေလ တတိယ ၁၀ ရက်ပတ်အတွက် မိုးလေ၀သခန့်မှန်းချက်မှာ အခုလိုပါရှိတာဖြစ်ပါတယ်။ မေလ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်းဒေသတွေ၊ မေလ ၂၆ ရက်ကနေ ၃၁ ရက်အတွင်း မြစ်ဝကျွန်းပေါ်ဒေသတွေကို အနောက်တောင်မုတ်သုံလေဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။
မိုးရွာသွန်းနိုင်တဲ့ အခြေအနေကတော့ ရန်ကုန်၊ မန္တလေးအပါအဝင် တိုင်းဒေသကြီးနဲ့ ပြည်နယ်အများစုမှာ ရွာသွန်းမြဲထက်ပိုနိုင်ပြီး တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တို့မှာ ရွာသွန်းမြဲခန့် မိုးထစ် ချုန်းရွာနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။