စင်္ကာပူလေကြောင်းလိုင်း ခရီးစဉ် SQ321 လေယာဉ်ဟာ ဘန်ကောက်မြို့ကို အင်္ဂါနေ့ ယနေ့(၂၁၊၅၊၂၀၂၄)ညနေပိုင်းက အရေးပေါ် ဆင်းသက်ခဲ့ရတယ်လို့ ထိုင်းမီဒီယာတွေကဖေါ်ပြပါတယ်။
လေယာဉ်ဟာ ပြင်းထန်သော လေထန်မှုကြောင့် အရေးပေါ်ဆင်းသက်ခဲ့ရတာဖြစ်ပြီး ခရီးသည်တစ်ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြကြပါတယ်။






မျက်မြင်သက်သေတစ်ဦး ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်မှာ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေက ယာယီဆေးဘက်ဆိုင်ရာ ရွက်ဖျင်တဲတွေမှာ ခရီးသည်တွေကို ပြုစုပေးနေတာကို တွေ့ရပါတယ်။
အရေးပေါ် ဝန်ထမ်းတွေက ဒဏ်ရာရ ခရီးသည်တွေကို ထမ်းစင်တွေ၊ ဘီးတပ်ကုလားထိုင်တွေနဲ့တင်ပြီး လူနာတင်ယာဉ်တွေဆီ ပို့ဆောင်ပေးနေတာကို တွေ့ရပါတယ်။ ဒဏ်ရာရသူ ၃၀ ဦးရှိကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပေမယ့် လေကြောင်းလိုင်းကတော့ ဒဏ်ရာရသူဘယ်လောက်ရှိတယ်ဆိုတာကို ထုတ်ဖေါ်မပြောသေးပါဘူး။