ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ ကညင်ကုန်းကျေးရွာနဲ့ ညောင်နီကုန်းကျေးရွာမှာ ဇူလိုင် ၂၆ ရက်၊ မနက် ၄ နာရီကျော်လောက်က လေဆင်နှာမောင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။
အဲဒီ လေဆင်နှာမောင်းတိုက်ခတ်တဲ့ ကျေးရွာတွေကိုတော့ ကွမ်းခြံကုန်းမြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ် ၂ စီး၊ ကော့မှူးမြို့နယ် မီးသတ်စခန်းက မီးသတ်ယာဉ် ၁ စီးနဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ရှင်းလင်းရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

လေဆင်နှာမောင်းတိုက်ခတ်ခဲ့တဲ့ ကျေးရွာတွေအတွင်း လူနေအိမ် ၇၀ ကျော်လောက် ပျက်စီးခဲ့သလို ဒေသခံ အချို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုပျက်စီးခဲ့တဲ့ နေအိမ်တွေအများစုဟာ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်းအိမ်တွေနဲ့ ဝါးဓနိထရံကာ နေအိမ်တွေ အများစုဖြစ်ပြီး အရေးပေါ် အမိုးအကာနဲ့ နေအိမ်တွေ ပြန်လည်တည်ဆောက်နိုင်ဖို့ အကူအညီတွေ လိုအပ်နေ တယ်လို့ သိရပါတယ်။