ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး ဒါးကမြစ်ရေမြင့်တက်လာတာကြောင့် ဇူလိုင် ၂၉ ရက်ကစပြီး စာသင်ကျောင်း ၄၇ ကျောင်း ယာယီပိတ်ထားရတယ်လို့ မြို့နယ်ပညာရေးမှူးရုံးကနေ သိရပါတယ်။

မြစ်ရေမြင့်တက်လာမှုကြောင့် ကျောင်းကုန်းမြို့နယ်အတွင်းရှိ အ.မ.က(၃၂)ကျောင်း၊ မူလွန်(၅)ကျောင်း၊ အ.လ.က(၃)ကျောင်း၊ အ.ထ.က(ခွဲ)(၃)ကျောင်းနဲ့ အ.ထ.က(၄)ကျောင်း စုစုပေါင်း (၄၇) ကျောင်းကို ယာယီပိတ်ထားရတာဖြစ်ပါတယ်။

ရေဘေးရှောင်ပြည်သူတွေကိုလည်း ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ School Cum Shelter ၊ Animal Shetter ၊ လျှော်ဂိုဒေါင်၊ ကန်ပေါင်စတဲ့ နေရာ ၁၃ ခုမှာ ပြောင်းရွှေ့နေရာချပေးထားတယ်လို့လည်း သိရပါတယ်။ ဇူလိုင် ၂၉ ရက်မှာ ဒါးကမြစ်ရေဟာ အန္တရာယ်ရေမှတ် ပေ ၂၀ ကို ရောက်ရှိဖို့ တစ်ပေသာလိုတော့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ တိုင်းတာရရှိချက်အရ သိရပါတယ်။