ဂျပန်ယမကာကုမ္ပဏီ Kirin က လျှာပေါ်က ဆိုဒီယမ်အိုင်းယွန်းမော်လီကျူးတွေကို အာရုံစိုက်ပြီး လျှပ်စစ်စက် ကွင်းအနည်းငယ်သုံးထားတဲ့ ဇွန်းကို တီထွင်ရောင်းချမယ်လို့ သိရပါတယ်။ ဒီဇွန်းကိုသုံးရင် ဆိုဒီယမ်စားသုံးမှုကို လျှော့ချပြီး ကျန်းမာတဲ့ အစားအသောက်ကို မြှင့်တင်ရာမှာ ကူညီပေးနိုင်ဖို့ သုတေသီတွေက မျှော်လင့်ထား ပါတယ်။
အစားအစာတွေကို ဆားမထည့်ဘဲ အငန်ဓာတ်မြှင့်တင်ပေးမယ့် အဲဒီဇွန်းဟာ အလေးချိန် ဂရမ် ၆၀ ရှိပြီး အားပြန်သွင်းနိုင်တဲ့ လီသီယမ်ဘက်ထရီနဲ့ အလုပ်လုပ်ပါတယ်။
ဆိုဒီယမ် လွန်ကဲစွာ စားသုံးခြင်းဟာ သွေးတိုးတာ၊ လေဖြတ်တာနဲ့ တခြားဝေဒနာဖြစ်ပွားမှု တိုးလာတာတွေနဲ့ ဆက်စပ်နေပါတယ်။
အရွယ်ရောက်ပြီးသူတွေ တစ်နေ့စားရမယ့် ဆားပမာဏရဲ့ နှစ်ဆ ဆား ၁၀ ဂရမ်လောက် စားသုံးလေ့ရှိတဲ့ ဂျပန်နိုင်ငံမှာ ဒီနည်းပညာဟာ အထူးအရေးပါတယ်လို့ Kirin က ပြောပါတယ်။ ဒါကြောင့် ဆားတကယ်မပါတဲ့ လျှပ်စစ်ဆားဇွန်း ၂၀၀ ကို ဦးစွာပထမ ပြည်တွင်းမှာ တစ်ချောင်း ၁၂၇ ဒေါ်လာနဲ့ အွန်လိုင်းကနေ ရောင်းချဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။