အမေရိကန်ရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ လော့စ်အိန်ဂျယ်လိစ်မြို့ကို ဒုက္ခသည်တွေရဲ့ ခိုလှုံရာမြို့အဖြစ် ကြေညာ လိုက်ပါတယ်။ မြို့တော်ကောင်စီက အင်္ဂါနေ့မှာ လော့စ်အိန်ဂျယ်လိစ်မြို့ကို ဒုက္ခသည်များ ခိုလှုံရာ မြို့အဖြစ် ထုတ်ပြန်ကြေညာလာခဲ့ပြီး ဖယ်ဒရယ်အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေကို မြို့ရဲ့ ဒေသန္တရ ရင်းမြစ်တွေ သုံးစွဲခွင့်ကိုပါ တားမြစ်ကန့်သတ်လိုက်ပါတယ်။
လော့စ်အိန်ဂျယ်လိစ်ရှိ ကျောင်းတွေကလည်း အထောက်အထား မပြည့်စုံတဲ့ ရွှေ့ပြောင်းတွေနဲ့ LGBTQ ကျောင်း သားတွေအတွက် ကျောင်းကို ခိုလှုံရေးစင်တာအဖြစ် သတ်မှတ် ကြောင်း ကြေညာလာပါတယ်။ သမ္မတ ထရမ့်ဟာ နှစ်လအကြာမှာ သမ္မတအဖြစ် ကျမ်းကျိန်ဆိုတော့မှာဖြစ်ပြီး သူသမ္မတဖြစ်တာနဲ့ ဒုက္ခသည်တွေကို အစုလိုက် အပြုံလိုက် နေရပ်ပြန်ပို့မယ်လို့ ကြွေးကြော်ထားပါတယ်။
နယ်ခြား ဇာဘုရင်အဖြစ် ထရမ့်ကိုယ်တိုင်က တင်စားပြီး ရာထူးနေရာခန့်အပ်ထားတဲ့ တင်မ်ဟိုမန်းကလည်း ဒုက္ခသည် ခိုလှုံရေး မြို့တွေကို ဖယ်ဒရယ်လူဝင်မှုကြီးကြပ်ရေးမှုနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်မှုတွေမှာ ဝင်မရှုပ်ဖို့ တိုက်တွန်းထားပါတယ်။ ခိုလှုံရေးမြို့ဆိုတဲ့ အသုံးအနှုန်းဟာ အမေရိကန်မှာ ရေပန်းစားလာခဲ့တာ ဆယ်စုနှစ် တစ်စု ကြာမြင့်ခဲ့ပြီဖြစ်ပြီး ဖယ်ဒရယ် လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေကို ပံ့ပိုးကူညီမှုတွေနဲ့ ပတ်သက်လို့ သူတို့ရဲ့ နယ်မြေတွေအတွင်းမှာ ကန့်သတ်ကြောင်း ဖော်ပြတာဖြစ်ပါတယ်။