ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာရှိတဲ့ တရုတ်-မြန်မာနယ်စပ် ဆင်ဖြူဂိတ်ကို တရုတ်ဘက်က နိုဝင်ဘာ (၁၉)ရက်မှာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ကုန်ပစ္စည်းတင်သွင်းခွင့်တွေကိုလည်း ပြန်လည်ခွင့်ပြုလိုက်တယ်လို့ ကုန်သည်တွေဆီကနေ သိရပါတယ်။ တရုတ်နိုင်ငံဘက်က ဂိတ်ပြန်ဖွင့်တယ်ဆိုပေမယ့် လတ်တလောမှာ အစား အသောက်တွေကိုသာ တစ်ပိုင်တစ်နိုင်သယ်ခွင့်ရပြီး တခြားကုန်စည်တွေကိုတော့ အကန့်အသတ်နဲ့သာ သယ်ခွင့် ရတယ်လို့ ဆိုပါတယ်။
မူဆယ်မြို့နဲ့တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ်နဲ့ မန့်ဝိန်းဂိတ် (၃)ဂိတ်ရှိတာပါ။ ဆင်ဖြူဂိတ်က ကုန်တွေကို ဆိုင်ကယ်၊ သုံးဘီးကားတွေနဲ့ သယ်ယူကြတာဖြစ်ပြီး မန့်ဝိန်းဂိတ်က တော့ ကုန်ကားကြီးတွေနဲ့သယ်ကြကာ နန်းတော်ဂိတ်ကတော့ သီးသန့် လူအဝင်အထွက် ပြုလုပ်တာသာဖြစ်တယ် လို့ သိရပါတယ်။ ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၁ ရက်ကစပြီး ဆင်ဖြူနယ်စပ်ဂိတ်ကနေ တစ်ပိုင်တစ်နိုင် ကုန်သယ်ယူခွင့် ကို တရုတ်နိုင်ငံ အစိုးရဘက်က ပိတ်လိုက်တာဖြစ်ပြီး တစ်ပတ်ကျော်အကြာ နိုဝင်ဘာလ(၁၉)ရက်မှာ တရုတ်နိုင်ငံ ဘက်က ပြန်လည်ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။