မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ သီးနှံကုန်စည်ဒိုင်ကို ဆောင်းပဲတီစိမ်းတွေ လှိုင်လှိုင်ဝင်ရောက် နေပြီဖြစ်သလို ဝင်ရောက်တဲ့ ပဲတီစိမ်းတွေကလည်း အရည်အသွေးကောင်းပြီး စျေးကောင်းရနေတယ်လို့ သီးနှံကုန်စည်ဒိုင်ကနေ သိရပါတယ်။
ဆောင်းပဲတီစိမ်းတွေဟာ နောက်ပိုင်းမှာမိုးများတာကြောင့် အထွက်နှုန်းလျော့ကျခဲ့ပေမယ့် အရည် အသွေးက တော့ ကောင်းမွန်တယ်လို့ တောင်သူတွေက ပြောပါတယ်။ ဆောင်းပဲတီစိမ်း၂၀ ပိဿာတစ်အိတ်ကို အရင်နှစ် ကငွေကျပ် ၅၀၀၀၀ ကျော်သာ ရှိခဲ့ရာကနေ အခုနှစ်မှာတော့ ကျပ် ၉၅၀၀၀ အထိ စျေးရရှိနေတာပါ။
အောင်လံမြို့နယ်အတွင်းက ကျေးရွာအများစုဟာ မိုးပဲတီစိမ်းနဲ့ ဆောင်းပဲတီစိမ်းကို အများဆုံးစိုက်ပျိုးကြတာ ဖြစ်ပါတယ်။ အရင်နှစ်က ဆောင်းပဲတီစိမ်းတစ်ဧကမှာ တင်း၂၀ ကျော်ထွက်ရှိခဲ့ပြီး အခုနှစ်မှာတော့ ၁၅ တင်း လောက်သာ ထွက်ရှိတယ်လို့ ဆိုပါတယ်။