ဖြူထိုင်းပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအုပ်စုက အဆိုပြုတဲ့ သက်ရှင်ရဲ့ သမီး ပယ်တုံတန် ရှင်နာဝပ်ထရာ ဟာ ပါလီမန်ရဲ့ ထောက်ခံမှုကို ရရှိတဲ့နောက် ထိုင်းနိုင်ငံရဲ့ အသက်အငယ်ဆုံး အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။
နိုင်ငံရေးဩဇာကြီးမားတဲ့ သက်ဆင်ရဲ့ သမီးဖြစ်သူ အသက် (၃၇)နှစ်အရွယ် ပယ်တုံတန်ဟာ သောကြာနေ့ကပြု လုပ်တဲ့ပါလီမန်အတွင်းမှာ ဝန်ကြီးချုပ်ဖြစ်ဖို့လိုအပ်တဲ့ မဲ ၅၁ ရာခိုင်နှုန်းကို ကျော်လွန်ရရှိခဲ့ပါတယ်။
ပယ်တုံတန် ဝန်ကြီးချုပ်ဖြစ်လာတဲ့နောက်မှာ မနှစ်က မကြုံစဖူး ရွေးကောက်ပွဲမဲရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရလို့ အစိုးရဖွဲ့စည်းနိုင် ဖို့အတွက် ထိုင်းစစ်တပ်တွင်းက ပြိုင်ဘက်တွေနဲ့ နိုင်ငံရေး သဘောတူညီမှု ရယူခဲ့ရတဲ့ ရှင်နာဝပ်ထရာ မိသားစုရဲ့ နိုင်ငံရေး အနာဂတ်ဟာ စောင့်ကြည့်ရမဲ့ ကိစ္စရပ်တစ်ခုဖြစ်လာနေပါတယ်။
လတ်တလောမှာလည်း ပယ်တုံတန် ဟာ စီးပွားရေးကျဆင်းမှု ၊ ဖြူထိုင်းပါတီရဲ့ ထင်ပေါ်ကျော်ကြားမှု ကျဆင်းလာတာ နဲ့ ငွေကြေးအကူအညီ အမေရိ ကန်ဒေါ်လာ ၁၄ ဘီလီယံ ပေးအပ်မဲ့ အစီအစဉ်ကို မစတင်နိုင်သေးဘဲရှိနေတာ စတဲ့ မျက်နှာစာပေါင်းစုံက စိန်ခေါ် မှုတွေ ကိုင်တွယ်ဖြေရှင်းရဖို့ရှိနေပါတယ်။