မန္တလေးတိုင်းဒေသကြီး ၊ ဝမ်းတွင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၉ မိုင်ခန့်အကွာကို ဗဟိုပြုပြီး ဧပြီ ၁၃ ရက်၊ မနက် ၈ နာရီ ၅၅ မိနစ်လောက်က အင်အားရစ်(ခ်)တာ စကေး ၅ ဒသမ ၅ အဆင့်ရှိ မြေငလျင် လှုပ်ခတ်သွားတယ်လို့ မိုးလေ ဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

အဲဒီ မြေငလျင်ကို မန္တလေးမြို့မှာ နေထိုင်သူအချို့လည်း သိသိသာသာ ခံစားခဲ့ရပြီး နေအိမ် တိုက်ခန်းတွေထဲမှာ နေထိုင်သူတွေဟာ လမ်းပေါ်ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

မတ်လ ၂၈ ရက်က မန္တလေးငလျင်ကြီး လှုပ်ခတ်မှုအပြီး ဧပြီ ၁၃ ရက်၊ မနက် ၉ နာရီထိ နောက်ဆက်တွဲငလျင် ၁၂၈ ကြိမ်ထိ လှုပ်ခတ်ထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မြေငလျင်ကြီး လှုပ်ခတ်မှုအပြီး နောက်ဆက်တွဲငလျင်တွေ ထပ်မံလှုပ်ခတ်နိုင်သေးတာကြောင့် ငလျင်အန္တရာယ် သတိပြု နေထိုင်ကြဖို့ လိုအပ်တယ်လို့လည်း ဘူမိဗေဒကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။