ရုရှားအတွက် တိုက်ပွဲဝင်နေတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက်ထက်မနည်း ရှိတယ်လို့ ယူကရိန်းဘက်က သတိပြု ပြောဆိုလာတာကို Reuters သတင်းမှာ ရေးသားထားပါတယ်။ ယူကရိန်းပိုင်နက်မှာ ယူကရိန်းနိုင်ငံသားတွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တရုတ်နိုင်ငံသား ၁၅၅ ယောက် ရှိပါတယ်လို့ ယူကရိန်းသမ္မတက ဇယ်လန်းစကီးက ပြောကြားခဲ့တာပါ။

ဒါကို ဘေဂျင်းက မျက်ကွယ်ပြုထားပြီး နိုင်ငံကျူးကျော်မှုမှာ ပါဝင်ခွင့်ပြုထားတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားတယ်လို့လည်း ယူကရိန်းသမ္မတက ပြောပါတယ်။ ယူကရိန်းကို တိုက်ခိုက်နေတဲ့စစ်ပွဲမှာ ရုရှားကို အဓိက ကူညီပံ့ပိုးနေတဲ့ နိုင်ငံဟာ တရုတ်နိုင်ငံ ဖြစ်တယ်လို့ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး တမ်မီ ဘရုစ်က ဧပြီလ ၈ ရက် ဝါရှင်တန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောလိုက်ပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းကို ဆက်လက် တိုက်ခိုက်နိုင်ဖို့ စစ်လက်နက်တွေ ထုတ်လုပ်နေနိုင်ဖို့လိုသလို အဲဒီ လက်နက်တွေ ထုတ်လုပ်နိုင်ဖို့အတွက် လိုအပ်နေတဲ့ ပစ္စည်း ၈၀ ရာခိုင်နှုန်းနီးပါးဟာ တရုတ်နိုင်ငံက လာတာဖြစ် တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရက ပြောကြားထားပါတယ်။