ဟားဗက်တက္ကသိုလ်က သမ္မတဒေါ်နယ်ထရမ့် ရပ်ဆိုင်းထားတဲ့ အမေရိကန်ဒေါ်လာ ၂ ဘီလီယံခွဲကိုဖက်ဒရယ်တရားသူကြီးထံမှာ အကျဉ်းချုပ်စီရင်ချက်တောင်းခံခဲ့တယ်လို့ CNAသတင်းမှာ ဖော်ပြထားပါတယ်။ဒီလို ရန်ပုံငွေရပ်ဆိုင်းတာဟာ တရားမဝင်ဘဲ ဒေါ်နယ်ထရမ့်အစိုးရက လွတ်လပ်စွာပြောဆိုခွင့်ကို ချိုးဖောက်ရာရောက်နေတယ်လို့ ဟားဗက်တက္ကိသိုလ်က ထုတ်ပြန်ပါတယ်။

ဧပြီလ ၁၄ ရက်နေ့ကစပြီး ရပ်ဆိုင်းခံထားရတဲ့ အမိန့်ပေါင်း ၉၅၇ ခုရှိကြောင်း၊အဲဒါတွေဟာ အမျိုးသားလုံခြုံရေး၊ ကင်ဆာ၊ ကလေးသူငယ်၊ HIV၊ ကူးစက်ရောဂါတွေနဲ့ Dark Energy တို့လိုအရေးကြီးတဲ့ သုတေသနတွေကို ထိခိုက်စေကြောင်း ထုတ်ပြန်ချက်မှာ အသေးစိတ်ဖော်ပြခဲ့ပါတယ်။ဒီလို ရန်ပုံငွေတွေ ရပ်ဆိုင်းလိုက်ခြင်းကြောင့် လက်ရှိလေ့လာမှုတွေကို အကြီးအကျယ် ထိခိုက်စေနိုင်တဲ့အကြောင်းလည်း ဟားဗက်တက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထရမ့် အစိုးရကတော့ ရန်ပုံငွေပိတ်ဆို့တာအပြင် ကျား-မ ခွဲခြားဆက်ဆံမှုတွေ၊ နိုင်ငံခြားအစိုးရတွေနဲ့ ဆက်စပ်မှုတွေ ၊ ဂျူးကျောင်းသားတွေနဲ့ ပညာရှင်တွေကို ခြိမ်းခြောက်မှုတွေအပါအဝင် ဟားဗတ်တက္ကသိုလ်ကို စုံစမ်းစစ်ဆေးမှုများစွာ ပြုလုပ်ခဲ့ပါတယ်။ဟားဗတ်ရဲ့ အကျဉ်းချုပ်စီရင်ချက် လျှောက်ထားမှုအတွက် ကြားနာမှုကို လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။