တရုတ်-ပနားမား ချစ်ကြည်ရင်းနှီးမှုကို အမေရိကန် အစိုးရက ဖျက်ဆီးဖို လုပ်ဆောင်နေတယ်လို ပနားမားရှိ တရုတ်သံရုံးက ဧပြီ ၉ ရက်မှာ သတင်းထုတ်ပြန်ပြောဆိုလိုက်တာကို CNN သတင်းမှာ ဖော်ပြထားပါတယ်။ပနားမားတူးမြောင်း လုံခြုံရေးကို တရုတ်က ခြိမ်းခြောက်နေတယ်ဆိုတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီ ဟက်ဆက်ရဲ့ ပြောဆိုမှုကိုလည်း ကန့်ကွက်ကြောင်း တရုတ်သံရုံးက ပြောဆိုခဲ့ပါတယ်။

ပနားမားတူးမြောင်းဟာ တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် အမေရိကန်နဲ့ ပနားမား အတူပူးပေါင်းပြီး တူးမြောင်း လုံခြုံရေးကို ထိန်းသိမ်းသွားမယ်လို ပီ ဟက်ဆက်က ပြောခဲ့တာပါ။ ပနားမားတူးမြောင်းကို အမှန်တကယ် ခြိမ်းခြောက်နေသူဟာ ဘယ်သူလဲဆိုတာကို သက်ဆိုင်သူတွေကသာ ဆုံးဖြတ်ရမှာဖြစ်တယ်လိုလည်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ပနားမားနိုင်ငံကို ရောက်ရှိ နေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီ ဟက်ဆက်ဟာ ဧပြီ ၈ ရက်က ပနားမားသမ္မတ မူလီနိုနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် ပနားမားရှိ အမေရိကန် ရေတပ် တပ်ဖွဲဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အမေရိကန် တပ်တွေနဲ့ တွေ့ဆုံရာမှာတော့ “ပနားမား တူးမြောင်းကို တရုတ်က တည်ဆောက်ခဲ့တာမဟုတ်ပါဘူး။

ဒါကြောင့် တူးမြောင်း စီမံခန့်ခွဲမှုကို တရုတ်က လုပ်စရာ မလိုသလို တူးမြောင်းကို လက်နက်သဖွယ် အသုံးချခွင့် လည်း မပေးနိုင်ဘူးလို ပီဟက်ဆက်က ပြောခဲ့ပါတယ်။ တူးမြောင်းရဲ့ အရေးကြီးတဲ့ နေရာတွေက အခြေခံ အဆောက်အအုံတွေကို တရုတ်အခြေစိုက် ကုမ္ပဏီတွေက ထိန်းချုပ်ထားဆဲဖြစ်တာကို လက်ခံမှာ မဟုတ် ကြောင်းလည်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ပီ ဟက်ဆက်က ပြောခဲ့ပါတယ်။